ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံ တော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ ကြီး၏ အမုန်းစကား အမုန်းတရားများ မပြန့်ပွားရေး ဟောပြောပွဲ ကျင်းပ

ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံ တော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ ကြီး၏ အမုန်းစကား အမုန်းတရားများ မပြန့်ပွားရေး ဟောပြောပွဲ ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ၅ ရက် စနေနေ့ နေ့လည် ၁ နာရီ အချိန်တွင် ရန်ကုန်မြို့အမျိုးသားဇတ်ရုံ ၌ ကျင်းပပြုလုပ်ပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၊သာသနာရေး နှင့် ယဥ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးအေးထွန်း၊ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။
အခမ်းအနားမစတင်မီ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ် က ဘာသာကြီး ၄ ခု ညီညီညွတ်ညွတ် နှင့် တစ်ဘာသာ နှင့် တစ်ဘာသာ အမုန်းတရားများ မပြောကြားပဲ စည်းစည်းလုံးလုံး ဖြင့် နေထိုင်သွားကြရန်၊ ရေဘေး သင့်ပြည်သူများ ကို ဘာသာပေါင်းစုံ အဖွဲ့ က လှူဒါန်းသည် ကို လည်းကျေးဇူးတင်ရှိပါကြောင်း နင့် မိမိတို့ သက်ဝင်ယုံကြည်ရာ ဘာသာအလိုက် မေတ္တာ ရှေ့ထား၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က လှူ ဒါန်းသော ဂုဏ်ပြုအလှူငွေ( ၁၂၅ )သိန်း ကို ဝန်ကြီးချုပ် က ပေးအပ်ရာ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ က လက်ခံရယူ၍ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက် ၍ ပြည်ထောင် စု သမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေး အဖွဲ့ မှ ကြီးမှူးကျင်းပသော ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး မှ သည် ငြိမ်းချမ်းရေးဆီသို့ ဆောင်ပုဒ် ဖြင့် အမုန်းစကား အမုန်းတရား မပြန့်ပွားရေး ဟောပြောပွဲ ကို ဆက်လက်ကျင်းပရာ အခမ်းအနား သို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊အထူးဖိတ်ကြားထားသော YMBA ၊ သာသနာ့နုဂ္ဂဟအဖွဲ့ ၊ဟိန္ဒူ အဖွဲ့ချုပ် ၊ဓမ္မပါလက အဖွဲ့၊တမီလ်ဖောင်ဒေးရှင်း ၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ၊ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်( အင်္ဂလိကန်) ၊မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ YMCA၊ မက်သဒစ်အသင်းတော် အောက်မြန်မာပြည်၊မြန်မာနိုင်ငံ ဧဝံဂေလီ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ပဲခူးမွတ်ဆလင်မိသားစု၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ (အစ္စလာမ်) ၊မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ် မှ ဧည့်သည်တော်ကြီးများ ဂုဏ်ပြုတက်ရောက်ကြပါသည်။ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံ တော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ အမုန်းစကား အမုန်းတရားများ မပြန့်ပွားရေး ဟောပြောပွဲကျင်းပရေးကော်မတီဝင်များ၊ ဗဟို ၊ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ပဲခူးတိုင်းဒေသကြီး။ ဧရာဝတီတိုင်း ဒေသကြီး ၊ရန်ကုန်တိုင်း ဒေသကြီးရှိခရိုင် နှင့်မြို့နယ်များ မှ အလုပ်အမှုဆောင်အဖွဲ့များ နှင့် အဖွဲ့ဝင် အင်အား (၉၀၀) ဦး ခန့်တက်ရောက်ကြပါသည်။
အခမ်းအနား တွင် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံ တော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ ဗဟို ဥက္ကဋ္ဌဦးဝဏ္ဏ မှ နှုတ်ဆက် အဖွင့် မိတ်ဆက်အမှာစကား ပြောကြားပါသည်။ထို့နောက် အခမ်းအနားအစီအစဥ် အရ ဗုဒ္ဓဘာသာ ကိုယ်စားလှယ် တက္ကသိုလ် ဦးမြတ်သူ၊ ဟိန္ဒူဘာသာကိုယ်စားလှယ် ဦးကျော်ဇင်လတ် ဗဟို အလုပ်အမှုဆောင် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံ တော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ ၊ခရစ်ယာန်ဘာသာ ကိုယ်စားပြု သိက္ခာတော်ရဆရာတော်ဒေါက်တာမျိုးဝင်း ဗဟိုအလုပ်အမှု ဆောင် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံ တော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ ၊အစ္စလာမ်ဘာသာ ကိုယ်စားပြု ဟာဂျီဦးလှဝင်း ရန်ကုန်တိုင်း ဒေသကြီး တိုင်းအလုပ်အမှုဆောင် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံ တော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ တို့က ငြိမ်းချမ်းရေး ၏ တန်ဖိုး အနှစ်သာရများ အကြောင်းနှင့် ဘာသာတစ်ခုနှင့်တစ်ခုအကြား၊ဘာသာဝင် အချင်းချင်း တို့အကြား အမုန်းစကား အမုန်းတရားများ မပြန့်ပွားစေရေး အတွက် ဟောပြောကြပါသည်။
ထို့နောက် ဗဟို ဥက္ကဋ္ဌဦးဝဏ္ဏ က နိဂုံးချုပ် ကျေးဇူးတင် နှုတ်ဆက်စကား ပြောကြားကာ အခမ်းအနား ကို ညနေ ၃ နာရီခွဲတွင် အောင်မြင်စွာရုတ်သိမ်းခဲ့ကြပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069