ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဘာသာပေါင်းစုံ ( ဗဟို) ၏ လမ်းညွှန်မှု ဖြင့် ရန်ကုန်တိုင်းဒေသကြီး က ကြီးမှူး ကျင်းပပြုလုပ်ခဲ့သော ဟိန္ဒူဘာသာဝင် တို့၏ ဒီပဝါလီ ပွဲတော် အထိမ်းအမှတ် ညစာစားပွဲ
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဘာသာပေါင်းစုံ ( ဗဟို) ၏ လမ်းညွှန်မှု ဖြင့် ရန်ကုန်တိုင်းဒေသကြီး က ကြီးမှူး ကျင်းပပြုလုပ်ခဲ့သော ဟိန္ဒူဘာသာဝင် တို့၏ ဒီပဝါလီ ပွဲတော် အထိမ်းအမှတ် ညစာစားပွဲ သည် ရန်ကုန်တိုင်း ဒေသကြီး ၏ ကျင်းပပြုလုပ်ခဲ့ပြီး သမျှသော ပွဲအားလုံးတို့တွင် အအောင်မြင်ဆုံး ၊အနှစ်သာရအရှိဆုံး ၊အဓိပ္ပါယ် အပြည့်ဝဆုံး ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၏ ရည်ရွယ်ချက် တို့ကို အဖော်ကျူးနိုင်ဆုံး ပွဲ အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
အဓိက အားဖြင့် ဘာသာမခွဲ ချစ်ကြည်ရင်းနှီးစွာ ဖြင့် သီချင်းများ ကို သီဆို ကခုန် ခဲ့ကြရာတွင် ဟိန္ဒူဘာသာဝင် သီချင်းဆိုခိုက် အစ္စလာမ် ဘာသာဝင် က ကခုန်ခြင်း၊ ဗုဒ္ဓဘာသာ ဝင် သီချင်းဆိုခိုက် ခရစ်ယာန်ဘာသာဝင် က ကခုန်ခြင်း ၊ဟာမိုနီလိုက်ခြင်း အစရှိသဖြင့် ဘာသာ ၄ မျိုး လုံး၏ ဘာသာဝင်များ ချစ်ကြည် ရင်းနှီးစွာဖြင့် ညီညွတ်ခဲ့ကြသည် ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပါသည်။
သိ့အတွက် ဗဟို ဥက္ကဌ ဦးဝဏ္ဏ အနေနှင့် အထူး အားရကျေနပ်မှု ရှိခဲ့ပါသည်။
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေနှင့် ယခုဖြစ်တည်နေသော ချစ်ကြည်ရင်းနှီး မှု ကို ဆက်လက်တည်တံအောင် နှင့် တိုးပွားခိုင်မြဲစေရန် ကြိုးပမ်းဆောင်ရွက်ကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။
ဘာသာ၄ခု၏ညီညွတ်မူ့အင်အားသည် အဖွဲ့၏အင်အား ၊နိုင်ငံ တော် ၏အင်အားပင်ဖြစ်ပါသည်။
ယမန်နေ့ ည ပွဲ မှ အတေွ့အကြုံ ဖြင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၏ MV Music Vedio ထုတ်ရန် နှင့် Youtube တင်လွှင့်ရန် လုပ်ငန်းစဥ်များ ကိုပါ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လေးစားစွာ အသိ ပေးတင်ပြအပ်ပါသည်။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069