ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးကျင်းပ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး( ၁၀ /၂၀၂၄ )ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လည်(၁ )နာရီအချိန် တွင် ဗိုလ်တထောင်မြို့နယ်ရှိ ဗဟိုအစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုဥက္ကဌဦးဝဏ္ဏနှင့်ဗဟိုအလုပ်အမှုဆောင်များစုံညီစွာ တက်ရောက်ကြပါသည်။အစည်းအဝေးတွင် သဘာပတိအဖြစ် ဥက္ကဌ ဦးဝဏ္ဏကဆောင်ရွက်ပြီး အခန်းအနားမှူးအဖြစ်ဦးသန့်ဇင်လှိုင် ကဆောင်ရွက်ပါသည်။အစည်းအဝေးကို အစီအစဉ်အတိုင်းကျင်းပရာ ရှေးဦးစွာ သဘာပတိ ဗဟိုဥက္ကဌ ဦးဝဏ္ဏကအဖွင့်အမှာစကား ပြောကြားခြင်း၊ နာယက Dr. လှထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ အခန်းအနားမှူး ဦးသန့်ဇင်လှိုင်မှ ယခင်အစည်းအဝေးမှတ်တမ်းအားဖတ်ကြားတင်ပြခြင်း၊ဘဏ္ဍာရေးမှူး ဦးလှကြူက စက်တင်ဘာလအတွင်း ဝင်ငွေထွက်ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြခြင်း၊ ဗဟိုဒုတိယဥက္ကဌနှင့်စည်းကမ်းထိန်းသိမ်းရေးနှင့်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းဝင်းမှဆွေးနွေးတင်ပြခြင်း၊ဗဟိုဒုတိယဥက္ကဌနှင့်ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ဥက္ကဌ ဦးဇော်ဇော်နိုင်မှဆွေးနွေးတင်ပြခြင်း၊ဗဟိုဒုတိယဥက္ကဌနှင့်ပြန်ကြားရေးအဖွဲ့ဥက္ကဌ ဦးသောမတ်မှဆွေးနွေးတင်ပြခြင်း၊ ဗဟိုဒုတိယဥက္ကဌနှင့်သဘာဝဘေးအန္တရာယ်ကူညီထောက်ပံ့ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ဝင်းမှဆွေးနွေးတင်ပြခြင်း၊ ဗဟိုဥပဒေရေးရာအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇင်လတ်မှ ဆွေးနွေးတင်ပြခြင်း၊ဗဟိုလူမှုရေးရာလုပ်ငန်းအဖွဲ့ဥက္ကဌ ဦးဇော်မိုးအောင်မှဆွေးနွေးတင်ပြခြင်း၊ဗဟိုအအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ဥက္ကဌဒေါ်ခင်မြသွေးမှ ဆွေးနွေးတင်ပြခြင်း၊ဗဟိုအထွေထွေအတွင်းရေးမှူး ဦးဇွဲရန်နိုင်မှ ဆွေးနွေးတင်ပြခြင်း နှင့် တက်ရောက်လာကြသော ဗဟိုအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကြပါသည်။ ထို့နောက် သဘာပတိ ဗဟိုဥက္ကဌ ဦးဝဏ္ဏက တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှုင်းပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေ ၂ နာရီ ၃၀ မိနစ်အချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069