ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှဦးဆောင်၍ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ မှ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ရေဘေးသင့် ပြည်သူများအတွက် ကူညီထောက်ပံရေးပစ္စည်းများ၊အဝတ်အထည်များနှင့်စားသောက်ဖွယ်ရာများအားထောက်ပံ့လှူဒါန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှဦးဆောင်၍ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ နေပြည်တော် နှင့်ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ ရန်ကုန်တိုင်း တို့ ပူးပေါင်းမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြစ်ပွားခဲ့သော မိုးအဆက်မပြတ်ရွာသွန်းမှုများ ကြောင့် ချောင်းရေ၊ မြစ်ရေများမြင့်တက်ကာ မြို့နယ်အချို့ တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ရေဘေးသင့် ပြည်သူများအတွက် ၂၀၂၄ ခုနှစ် စက်တင်ဘာလ၁၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရေဘေးကယ်ဆယ် ရေးစခန်းများသို့ ကူညီထောက်ပံရေးပစ္စည်းများ၊အဝတ်အထည်များနှင့်စားသောက်ဖွယ်ရာများအားထောက်ပံ့လှူဒါန်းခဲ့ကြသည်။

နေပြည်တော်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရာတွင် နေပြည်တော်၊ပျဉ်းမနားမြို့ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်ရေဘေးကယ်ဆယ်ရေးစခန်း၊သုခစိုးဓမ္မာရုံ ရေဘေးကယ်ဆယ်ရေးစခန်း၊ အုန်းတောဘုန်းကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်း၊ လယ်တီဓမ္မာရုံရေဘေးကယ်ဆယ်ရေးစခန်းနှင့်ဘိုးမင်းခေါင်နတ်နန်း ရေဘေးကယ်ဆယ်ရေးစခန်းများသို့သွားရောက်ထောက်ပံလှူဒါန်းရာတွင် ဘာသာပေါင်း စုံချစ်ကြည်ညီညွတ်ရေး အဖွဲ့(ဗဟို) ဥက္ကဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဌများဖြစ်ကြသည့် ဦးဇော်ဇော်နိုင်(ဟိန္ဒူဘာသာ)၊ဦးသောမတ်စ်(ခရစ်ယာန်ဘာသာ)၊ဗဟိုအထောက်အကူပြုအမျိုးသမီးရေးရာအဖွဲ့ဥက္ကဌဒေါ်ခင်မြသွေး၊ဘဏ္ဍာရေးမှူးဦးလှကြူနှင့်ဗဟိုအလုပ်အမှုဆောင်များ၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ရန်ကုန်တိုင်း)မှဒုတိယဥက္ကဌများဖြစ်ကြသည့် ဦးဝင်းမြင့်(ဗုဒ္ဓဘာသာ)၊ဦးခင်ျမာင်မောင်ဇော်(အစ္စလာမ်ဘာသာ)၊တိုင်းအတွင်းရေးမှူး ဦးရွှေမောင်(အစ္စလာမ်ဘာသာ)နှင့်တိုင်းအလုပ်အမှုဆောင်များ၊ဘာသာပေါင်းစုံချစ် ကြည်ညီညွတ်ရေးအဖွဲ့(နေပြည်တော်)မှအထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းမင်းကျော်၊အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်စန်းစန်းမော်၊ အတွင်းရေးမှူး ဒေါ်ဝတ်မှုံနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊မရမ်းကုန်းခရိုင်ဥက္ကဌဦးမျိုးဇေယျာနှင့်စေတနာရှင်အလှူရှင်များ၊ပရဟိတအဖွဲ့များက ပေးအပ်လှူဒါန်းရာ နေပြည် တော်ကောင်စီအဖွဲ့ဝင် ဦိးမြင့်စိုးနှင့် တာဝန်ရှိသူများကလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

နေပြည်တော်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရာတွင် ငွေကျပ်သိန်းတစ်ရာ့ငါးဆယ်အပါအဝင် အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများစုစုပေါင်း တန်ဖိုး ကျပ်သိန်းပေါင်း တစ်ထောင့် တစ်ရာ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069