ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၏ ဒုတိယအကြိမ် ထုတ်ဝေမည့် ၂၀၂၅ ခုနှစ်ပြက္ခဒိန် ထုတ်ဝေနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၏ ဒုတိယအကြိမ် ထုတ်ဝေမည့် ၂၀၂၅ ခုနှစ်ပြက္ခဒိန် အား ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ (၄) ဘာသာ သုံးနိုင်မည့် ပြက္ခဒိန် အဖြစ် ထုတ်ဝေနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုရန်ကုန်တိုင်းဗိုလ်တထောင်မြို့နယ် ၅၉ လမ်းနှင့်စန္ဒကူးလမ်းကြားရှိအသင်းတည်ရှိရာဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) အစည်းအဝေးခန်းမတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့နံနက် ၁၀ နာရီ ၌ ကျင်းပရာ(ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏ ၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး နှင့်ဗဟို တိုင်းတို့မှ ဘာသာအလိုက်အလုပ်အမှုဆောင်များ၊ဗဟိုပြန်ကြားရေးအဖွဲ့ဝင်များစုံညီစွာတက်ရောက်ကြပြီးပြက္ခဒိန်အရွယ်အစား၊ပါဝင်မည့်ဘာသာလေးမျိုးတို့မှန်ကန်စွာပါရှိရေး၊လှုပ်ရှားမှုဓါတ်ပုံများ၊ကြော်ငြာထည့်သွင်းရေးများကိုဆွေးနွေကြ ပါသည်။ ထို့နောက် ပြက္ခဒိန်အရွယ်အစား၊ရိုက်နှိပ်မည့်စောင်ရေ၊ကြော်ငြာတန်ဖိုးများကိုသတ်မှတ်ဆုံးဖြတ်ပြီးပြက္ခဒိန်ထုတ်ဝေရေးဆောင်ရွက်ရန်လိုအပ်သော ကြီးကြပ်ထုတ်ဝေရေးကော်မတီ၊ ကြော်ငြာလက်ခံရရှ်ိရေးကော်မတီ၊ ဘဏ္ဍာငွေထိန်းသိမ်းရေးကော်မတီ၊ ဖြန့်ချိရေးကော်မတီများကို ဗဟို တိုင်းတို့မှ ဒုတိယဥက္ကဌများ၊ အတွင်းရေးမူးများ၊လုပ်ငန်းကျွမ်းကျင်သူပုဂ္ဂိုလ်များပါဝင်သောအဖွဲ့များကိုဗဟို ဥက္ကဋ္ဌနှင့်တိုင်း ဥက္ကဋ္ဌတို့မှကြီးကြပ်ဆောင်ရွက်သွားရန်ဆုံးဖြတ်လျှက်ဗဟိုဲ ဥက္ကဋ္ဌကနိဂုံးချုပ်အမှာစကားပြောကြာ ကာ ညှိနှိုင်းအစည်းအဝေးကိုနေ့လည် ၁၂ နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။
ပြန်ကြားရေး (ဗဟို)
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069