ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ကရင်ပြည်နယ်ဥက္ကဌ ဦးမြစိုးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ် သြဂုတ်လ ၆ ရက်၊ညနေ(၄း၀၀)နာရီအချိန် တွင် ဘားအံမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပေသာ ကရင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ကရင်ပြည်နယ်ဥက္ကဌ ဦးမြစိုးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ် သြဂုတ်လ ၆ ရက်၊ညနေ(၄း၀၀)နာရီအချိန် တွင် ဘားအံမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပေသာ ကရင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက် ၍အလှူငွေပေးအပ်ခဲ့ပါသည်။အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဥက္ကဌ ဦးမြစိုး၊ဒုတိယဥက္ကဌ များဖြစ်ကြသည့် ဦးမြင့်အောင်၊ဦးမောင်လေး၊ ဦးနဂျူး၊အထွေထွေအတွင်းရေးမှူး ဦးတင်ဦး၊ အတွင်းရေးမှူး ဦးမင်းမင်းဦးနှင့်ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြပြီးပြည်နယ်ဥက္ကဌ ဦးမြစိုးက ကရင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် အလှူတော်ငွေကျပ် တစ်ဆယ်သိန်း( ၁,၀၀၀,၀၀၀ိ) ပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးစောထွန်းအောင်နှင့်တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
(ဗဟိုပြန်ကြားရေး)

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069