ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ မိသားစုများ၏ ကာလဒါန ထမနဲ အလှူတော်မင်္ဂလာ ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့ တွင် ရွှေတိဂုံစေတီတော် (အရှေ့ဘက်မုခ်)၌ကျင်းပပြုလုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ မိသားစုများ၏ ကာလဒါန ထမနဲ အလှူတော်မင်္ဂလာ ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့ နံနက် ၀၉:၃၀ နာရီတွင် ရွှေတိဂုံစေတီတော် (အရှေ့ဘက်မုခ်)၌ကျင်းပပြုလုပ်ခဲ့ပြီး ဘုရားဖူး သံဃာတော်များ၊သီလရှင်များနှင့် ပြည်သူ (၂၀၀၀)ဦး တို့အား ထမနဲများ လှူဒါန်းခဲ့ကြပါသည်။
အခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌ ဦးဝဏ္ဏ၊ ရန်ကုန်တိုင်း ဥက္ကဌ ဦးထွန်းထွန်းဦး၊ ဗဟိုအထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ဥက္ကဌ ဒေါ်ခင်မြသွေးနှင့်အဖွဲ့ဝင်များ၊ ဗဟိုဘဏ္ဍာရေးမှူး ဦးလှကြူ၊ ဗဟို အထောက်အကူပြုလူမှုရေးရာလုပ်ငန်းအဖွဲ့ဥက္ကဌ ဦးဇော်မိုးအောင်၊ အတွင်းရေးမှူး ဦးသန့်ဇင်လှိုင်နှင့်အဖွဲ့ဝင်များ၊ ဗဟို ဥပဒေရေးရာအတွင်းရေးမှူး ဦးကျော်ဇင်လတ်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်း ဒုတိယဥက္ကဌများဖြစ်ကြသည့် ဦးမိုးဇက်၊ ဦးခင်မောင်ဇော်တိုင်း အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းဦး၊ဘဏ္ဍာရေးမှူး ဦးဟန်ဝင်းအောင်၊ အတွင်းရေးမှူး၂ ဦးမျိုးဇော်၊ ပြန်ကြားရေးမှူး ဦးအောင်သာဒိုး၊ တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသည့် ဦးဘာဘူလေး၊ ဦးဘိုနီဝင်းနှင့် တိုင်းအလုပ်အမှုဆောင်များ၊ ခရိုင်အသီးသီးမှ ဥက္ကဌများနှင့် ခရိုင်အလုပ်အမှုဆောင်များ တက်ရောက် လှူဒါန်းခဲ့ကြပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069