နေပြည်တော်ကောင်စီနယ်မြေရှိ ငလျင်ဘေးကြောင့် တက္ကသိုလ်ဝင်တန်းပြန်လည်‌ဖြေဆိုကြမည့် ကျောင်းသူ/ကျောင်းသားများအတွက် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ(ရေသန့်) သောက်သုံးရေများလှူဒါန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌ ဦးဝဏ္ဏ ခေါင်းဆောင်သောအဖွဲ့သည် (၂၀၂၅)ခုနှစ်၊မေလ၊(၄)ရက် ၁၀:၀၀နာရီအချိန်ခန့်က ‌ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ကောင်စီနယ်မြေရှိ ဇဗ္ဗူသီရိမြို့နယ်၊အခြေခံအထက်တန်းကျောင်း၊အ.ထ.က(၅)တွင်၊‌မတ်လ (၂၈)ရက်၌လှုပ်ခတ်သွားသော၊သဘာဝဘေးငလျင်ကြောင့်တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုရမည့် ကျောင်းသူ/ကျောင်းသားများ သောက်သုံးရေအခက်အခဲ မရှိစေ‌ရေးအတွက်၊အဆိုပါ‌ကျောင်း၌ လေ့ကျင့်ရေးစခန်းဖွင့်လှစ်ပြီးပြန်လည်သင်ကြားပေးနေသော ဆရာ၊ဆရာမများ၊ကျောင်းသူ/ကျောင်းသားများသောက်သုံးရန် သောက်သုံးရေ၊‌သောက်ရေသန့်(၂၀)လီတာဆန့် ရေသန့်ဗူးကြီး(၂၀၀)ဗူးနှင့်၊‌(၁)လီတာ ရေသန့် ကတ်(၅၀)တို့အားသွားရောက်လှူဒါန်းခဲ့သည်။
လှူဒါန်းရာသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဒုတိယ ဥက္ကဌ ဒေါက်တာ တူးတူး(ခရစ်ယာန်ဘာသာ)၊(ဗဟို)အထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်း (ဥက္ကဌ)ဒေါ်ခင်မြသွေး၊ (ဗဟို)စည်းရုံးရေးရာကော်မတီ အတွင်းရေးမှူး ဦးသန့်ဇင်လှိုင်နှင့်(ဗဟို)အလုပ်အမှုဆောင်များ၊နေပြည်တော်ကောင်စီနယ်မြေ၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဥက္ကဌ)ဦးမျိုးအောင်နှင့် အလုပ်အမှုဆောင်များလိုက်ပါလှူဒါန်းကြသည်။
ဆက်လက်၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌက သင်ကြားပေးနေသော ဆရာ၊ဆရာမများ၊ကျောင်းသူ/ကျောင်းသားများ သောက်သုံးရေ ဆက်လက်အခက်အခဲရှိနေပါက “ စာမေးပွဲပြီးဆုံးသွားသည်အထိ” ၎င်းအဖွဲ့အနေဖြင့်လှူဒါန်းသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။
လှူဒါန်းသော သောက်ရေသန့်များအား အ.ထ.က(၅) ကျောင်းအုပ်ဆရာကြီးမှလက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားအောင်မြင်ပြီးမြောက်ခဲ့ပါသည်။

ပြန်ကြားရေး(ဗဟို)
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့

Republic of the Union of Myanmar Central Myanmar Interfaith Dialogue Organization Donation of Drinking Water by the Central Myanmar Interfaith Dialogue Organisation for Students Re-taking University Matriculation Exams

Affected by the Earthquake in Nay Pyi Taw Council Territory A delegation led by U Wunna, Chairman of the Central Myanmar Interfaith Dialogue Organisation, donated drinking water on 4 May 2025, at approximately 10:00 AM, at Basic Education High School (5), Zabuthiri Township, Nay Pyi Taw Council Territory. This donation was made to support students who are re-taking their university matriculation examinations after the earthquake that struck on 28 March, which disrupted their studies.
To ensure students and teachers at the exam refresher training camp held at the school had adequate access to clean drinking water, the organisation donated 200 bottles of purified drinking water (20-litre bottles) and 50 cartons of 1-litre purified bottled water.
The donation event was attended by Dr. Tu Tu (Christian faith), Vice Chairperson of the Central Organisation; Daw Khin Mya Thwe, Chairperson of the Central Women’s Support Committee; U Thant Zin Hlaing, Secretary of the Central Organising Committee; Central Executive Members; U Myo Aung, Chairperson of the Nay Pyi Taw Council Territory Interfaith Organisation, and executive members.
During the event, the Chairman of the Central Organisation, U Wunna, assured teachers and students that should the need for drinking water continue, the organisation would provide ongoing support “ until the conclusion of the examination period.”
The donated drinking water was formally received by the Principal of Basic Education High School (5), who expressed gratitude on behalf of the school. The event concluded successfully.

Information and Public Relations Department (Central)
Myanmar Interfaith Dialogue Organisation

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069